#Local_News
Published 12 December 2024


▪️ IBEC Buddhist University ၌ ကျင်းပမည့်  သုတေသနစာတမ်းဖတ်ပွဲနှင့် ဒုတိယအကြိမ်မြောက်ကျွန်းလှဗုဒ္ဓတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနား၌ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ရရှိသူများအား ဘွဲ့များပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ သုတေသနစာတမ်းဖတ်ပွဲနှင့် ဒုတိယအကြိမ်မြောက်ကျွန်းလှဗုဒ္ဓတက္ကသိုလ်ဘွဲ့နှင်းသဘင်အခမ်းအနားကို လာမည့် ဒီဇင်ဘာ ၂၁ ရက်နံနက် ၈ နာရီတွင် IBEC Buddhist University ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပမည်ဖြစ်သည်။

▪️ IBEC Buddhist University နှင့် ကျွန်းလှဗုဒ္ဓတက္ကသိုလ်တို့၏ တက္ကသိုလ်ဆီးနိတ်မှ ပထမဆုံးချီးမြှင့်အပ်နှင်းမည့် ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ (Honorary Doctorate)ရရှိသူ(၇)ဦးရှိပြီး ကျွန်းလှဗုဒ္ဓတက္ကသိုလ်၏ နာယကဆရာတော်၊ ပါမောက္ခဒေါက်တာစောပြုံးနိုင်(ပါမောက္ခချုပ် (ငြိမ်း) စစ်ကိုင်းပညာရေးတက္ကသိုလ်)(ဧည့်ပါ မောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာတင်မောင်ဝင်း(ဒု-ပါမောက္ခချုပ်(ငြိမ်း) လွိုင်ကော်တက္ကသိုလ်)(ဒု-ပါမောက္ခချုပ် (သင်ကြား) ကျွန်းလှဗုဒ္ဓတက္ကသိုလ်)တို့ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

▪️ ထို့ပြင် ပါမောက္ခဒေါက်တာရီအေး(ပါမောက္ခ ချုပ်(ငြိမ်း)၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ စစ်ကိုင်း)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာမို့မို့ရီ(ပါမောက္ခချုပ်၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်၊ စစ်ကိုင်း)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ပါမောက္ခဒေါက်တာအောင်ဆန်းလင်း(ပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ်၊ ရတနာပုံ ဆိုက်ဘာစီးတီး)(ဧည့်ပါမောက္ခ၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)၊ ဒေါက်တာပိယရတနမဟာရာဂျန်
(နိုင်ငံတကာပူးပေါင်းဆောင်ရွက်သူ၊ နီပေါ)(ဧည့်ကထိက၊ ကျွန်းလှဗုဒ္ဓတက္ကသိုလ်)တို့ကိုလည်း ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့များ ချီးမြှင့်အပ် နှင်းသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times