#Local_News
Published 10 February 2025

▪️ လေးနိုင်ငံအမျိုးသမီး ဖိတ်‌ခေါ်ဘောလုံးပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်း ဖေဖော်ဝါရီ (၁၄) ရက်တွင် နီပေါနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ (၄) နိုင်ငံအုပ်စုပတ်လည် အမျိုးသမီး ဖိတ်‌ခေါ်ဘောလုံးပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ်နီပေါနိုင်ငံ၌ ဖေဖော်ဝါရီ (၁၇)ရက်မှ (၂၆)ရက်အထိ ကျင်းပမည်ဖြစ်ကာပဏာမကစားသမား (၃၂)ဦးဖြင့် ဖွဲ့စည်းပြင်ဆင်ထားသည့် မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းသည်  ဖေဖော်ဝါရီ (၁၄) ရက်တွင် နီပေါနိုင်ငံသို့ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

▪️ ယင်းပြိုင်ပွဲအတွင်း  နီပေါ၊ ကာဂျစ်စတန်၊ လက်ဘနွန်နှင့်မြန်မာအသင်းတို့ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ထိုသို့ယှဉ်ပြိုင်ကစားရာတွင်  အုပ်စုပွဲဦး ထွက်အနေဖြင့် ဖေဖော်ဝါရီ(၁၇)ရက်တွင် မြန်မာနှင့် လက်ဘနွန်၊ နီပေါနှင့် ကာဂျစ်စတန်အသင်းတို့ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

▪️ ထို့အတူဖေဖော်ဝါရီ (၂၀)ရက်တွင်မြန်မာနှင့် ကာဂျစ်စတန် ၊ လက်ဘနွန်နှင့်နီပေါတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကာ ဖေဖော်ဝါရီ (၂၃)ရက်၌ နီပေါနှင့် မြန်မာတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး ဖေဖော်ဝါရီ (၂၆)ရက်တွင် လေးသင်းပတ်လည်မှ အမှတ်အများဆုံးရရှိသည့် အသင်း(၂)တို့ ဗိုလ်လုပွဲကစားသွားကြမည်ဖြစ် ကြောင်း သိရသည်။

▪️ လက်ရှိ လေးနိုင်ငံ အမျိုးသမီးဖိတ်‌ခေါ်ဘောလုံးပြိုင်ပွဲအတွင်း ပါဝင်မည့် အသင်း (၄)သင်းမှာ FIFA ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် နီပေါအသင်း (၁၀၃) အဆင့်၊ ကာဂျစ်စတ န် (၁၂၈)၊ လက်ဘနွန် (၁၃၄) နှင့် မြန်မာ(၅၅)အဆင့်များဖြင့် ရပ်တည်နေကြသည့် အသင်းများဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times