#Local_News
Published 9 September 2024


▪️ ယခု ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ ငါးလတာနီးပါးအတွင်း ကန်ဒေါ်လာ သန်း တစ်ထောင်ကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ ဧပြီလ ၁ ရက်မှဩဂုတ်လ ၁၆ ရက်အထိ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု အနေဖြင့်  အမေရိကန်ဒေါ်လာ သန်း ၁,၁၅၀ ကျော်ရရှိထားခြင်း ဖြစ်သည်။

 

▪️ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးကို လမ်းကြောင်းအသစ်အဖြစ် ရန်ကုန်-ကော့သောင်း-ရနောင်း ကွန်တိန်နာစနစ်ဖြင့် ကုန်သွယ်မှုဆောင်ရွက်နေသည့်အပြင် တာချီလိတ်၊ မြဝတီ၊ ကော့သောင်း၊ မြိတ်၊ ထီးခီးနှင့် မော်တောင်နယ်စပ်များမှတစ်ဆင့် ထိုင်းနိုင်ငံနှင့် နယ်စပ် ကုန်သွယ်မှု ပြုလုပ်နေပြီး ၎င်းကုန်သွယ်မှုများအနက် ထီးခီးနယ်စပ်မှ အများဆုံးကုန်သွယ်မှုပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ နယ်စပ်ကုန်သွယ်ရေးစခန်းများအလိုက် ပို့ကုန်တင်ပို့မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၉၆၀ ကျော်ရှိပြီး သွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော်ရှိရာ  စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၁,၁၅၀ ကျော်ရရှိထားခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ မွေးမြူရေး ထွက်ကုန်များ၊ ရေထွက်ကုန်များ၊ ဓာတ်သတ္တုများ၊ သစ်တောထွက်ပစ္စည်းများ၊ စက်မှုကုန်ချောနှင့် အခြားကုန်စည်များ တင်ပို့လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း လူသုံးကုန်ပစ္စည်းများနှင့် CMP ကုန်ကြမ်း များကို ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။

 

#YMG/NN #Yangon_Times