#Local_News
Published 8 March 2025
▪️ ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ် မိုးကောင်းဆုတောင်းပြည့်စေတီတော်အနောက်ဖက်တန်ဆောင်းတွင် မတ် ၉ ရက် နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ ဓာတ်တော်ပွားများ ဝေငှလှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
▪️ ဓာတ်တော်ပွားများကိုလှူဒါန်းရာတွင် မိုးကောင်းဆုတောင်းပြည့်စေတီတော် အတွင်းရှိ လှိုင်မြို့နယ် အရိန္ဒမကျောင်း ဓာတ်တော်တိုက် သာသနာ့ရိပ်သာ၌ ကိန်းဝပ်စံပါယ်လျက်ရှိသည့် မြတ်စွာဘုရားရှင်၏ အရောင်အဆင်းအမျိုးမျိုးရှိ ဓာတ်တော်မွေတော်များ၊ ရှင်မဟာမောဂ္ဂလာန်၊ ရှင်သာရိပုတ္တရာ၊ ရှင်အာနန္ဒာ၊ ရှင်ဗာကုလ၊ ရှင်သီလဝိ၊ ရှင်နာဂသိန်၊ အရှင်အနုရုဒ္ဓါ၊ အစရှိသည့် ဓာတ်တော်ပွားများကို လှူဒါန်းဝေငှာသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထိုသို့လှူဒါန်းရာတွင်မြင်းခြံမြို့ သာသနာ့ဇောတိကာရုံကျောင်း ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဏ္ဍာည တပည့် လှိုင်မြို့နယ် အရိန္ဒမကျောင်း ဓာတ်တော်တိုက် သာသနာ့ရိပ်သာ ဆံတော်ရှင်ဓာတ်တော်တိုက်ဆရာတော် ဘဒ္ဒန္တ ဝိစိတ္တသာရ ကိုယ်တော်တိုင် ဝေငှလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times