#Local_News
၃၁ မတ် ၂၀၂၅
▪️ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော် တပ်မတော်ဆေးရုံကြီးသို့သွားရောက်ကာ ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ပြည်သူများနှင့်နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များအား ဆေးဝါးကုသမှုပေးထားမှုအခြေအနေများကို ယနေ့သွားရောက်ကြည့်ရှုစစ်ဆေးကာ အားပေးစကားပြောကြားခဲ့ပါတယ်။
▪️ ဗိုလ်ချူပ်မှူးကြီးသည် ထိခိုက်ဒဏ်ရာကြောင့် ဆေးရုံတက်ကုသနေရသော ငလျင်ဘေးသင့် လူနာများကို တစ်ဦးချင်း လိုကလံတွေ့ဆုံပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အခြေအနေများနှင့် ကျန်းမာရေးတိုးတက်မှုများကို ရင်းနှီးနွေးထွေးစွာ မေးမြန်းကာ အားပေးစကားပြောကြားခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
▪️ ဗိုလ်ချုပ်မှူးကြီးက ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများအား ဆေးရုံတက်နေရသည့် ငလျင်ဘေးသင့်လူနာများကို လိုအပ်တာမှန်သမျှဆောင်ရွက်ပေးဖို့ မှာကြားပါတယ်။
▪️ အဆိုပါ နေပြည်တော်၊ တပ်မတော်ဆေးရုံကြီး၌ ငလျင်ဘေးဒဏ်ဖြစ်ပွားပြီးနောက် ပိုင်းတွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ စုစုပေါင်း ၆၀၀ ဦးနီးပါးခန့်အား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အရေးပေါ်ခွဲစိတ်ကုသမှုခံယူရန်လိုအပ်သူ ၃၀ ဦးကို အရေးပေါ် ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။
▪️ လက်ရှိအချိန်တွင် ငလျင်ဘေးဒဏ် ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် မိသားစုဝင်များ စုစုပေါင်း ၄၂ ဦးအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါတယ်။