#Local_News
Published 23 December 2024


▪️ ယခုဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း ပြည်ပနိုင်ငံများသို့  အမေရိကန်ဒေါ်လာ ၁၇သန်းကျော် တန်ဖိုးရှိ ပုစွန်မက်ထရစ်တန်ချိန် ၅,၀၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ  သိရသည်။

▪️ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ နိုဝင်ဘာလ ၃၀ ရက်အထိ ရှစ်လတာကာလအတွင်း ပြည်ပသို့ပုံမှန်ကုန်သွယ်မှုမှ မက်ထရစ်တန် ၄,၃၃၅ ဒသမ ၆၅၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅၄၃ သန်းရရှိခဲ့ပြီး နယ်စပ်ကုန်သွယ်မှုမှ မက်ထရစ်တန် ၉၆၂ ဒသမ ၉ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅ ဒသမ ၃၂၈ သန်းရရှိခဲ့ကြောင်းသိရသည်။    

▪️ ထို့ကြောင့်  စုစုပေါင်းတင်ပို့မှု ပုစွန်မက်ထရစ်တန် ၅,၂၉၈ ဒသမ ၅၅၇ တန်တင်ပို့ခဲ့ရာမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၈၇၁ သန်း ရရှိခဲ့ကြောင်း သိရသည်။

▪️ ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ပင်လယ်ရေကြောင်းအပြင် နယ်စပ်ကုန်သွယ်ရေးမှလည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သိရသည်။

#YMG/NN #Yangon_Times