#Local_News
Published_21 April 2025
▪️ ပြင်ဦးလွင် တပ်မတော်ဆေးရုံ၌ ကုသမှုခံယူ လျက်ရှိသည့် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား နစက ဥက္ကဌ သွားရောက်အားပေးခဲ့ကြောင်း သိရသည်။
▪️ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ နှင့် အဖွဲ့ဝင်များ ၊တာဝန်ရှိသူများ က ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့၊ တပ်မတော်ဆေးရုံ သို့ သွားရောက်၍ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် ငလျင်ဘေးဒဏ် ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ သူများနှင့် အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ကျန်းမာရေးစောင့်ရှောက် မှုပေးထားသည့် အခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
▪️ ယင်းတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံတက်ရောက်ကုသမှုခံယူ လျက်ရှိသည့် ဆရာတော်၊ သံဃာတော်များအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် နဝကမ္မအလှူတော် ငွေများ ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။
▪️ ထို့နောက် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည် များ၊ မိသားစုဝင်များ၊ မြန်မာနိုင် ငံရဲတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား တစ်ဦးချင်း လိုက်လံတွေ့ဆုံ၍ စားသောက်ဖွယ်ရာပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ အလားတူ ဆေးရုံ၌တက်ရောက်ကုသမှုခံယူလျက်ရှိသည့် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သော အရာရှိ၊ စစ်သည်များ၏ ထိခိုက်ဒဏ်ရာရရှိခဲ့မှု အခြေအနေများ၊ ရောဂါကုသပျောက် ကင်းမှုအခြေအနေများကို တစ်ဦးချင်းလိုက်လံတွေ့ဆုံ၍ ရင်းနှီးနွေးထွေးစွာ မေးမြန်း အားပေးစကားပြောကြားကာ အရာရှိ၊ စစ်သည်များ၏ တင်ပြချက်များအပေါ် လိုအပ် သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။
▪️ ထို့နောက် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံအထူးကြပ်မတ် ကုသဆောင်အတွင်း ကုသမှုခံယူရလျက်ရှိသည့် ဆရာတော်တစ်ပါးနှင့် အရပ်သားပြည် သူများ၊အမျိုးသမီးနှင့် ကလေးကုသဆောင်၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့်သာသနာနွယ်ဝင်သီလရှင် ဆရာကြီးများအား အာဟာရဖြည့် စားသောက် ဖွယ်ရာများနှင့် နဝကမ္မအလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
▪️ တပ်မတော်ဆေးရုံများ၌ ပြင်ပလူနာ အဖြစ် လာရောက်ကုသမှုခံယူခဲ့သည့် သံဃာတော် ၁၅ ပါး၊ ဝန်ထမ်းများ၊ မိသားစုများ နှင့် အရပ်သားပြည်သူ ၅၀၁၆ ဦးလိုအပ်သည့်ဆေးကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး ထိခိုက်ဒဏ် ရာရရှိမှုပြင်းထန်သဖြင့် လက်ရှိအချိန်အထိ ဆေးရုံတက်ရောက်ကုသမှုခံ ယူနေသူ သံဃာတော် ၅၁ ပါး၊ ဝန်ထမ်းများ၊ မိသားစုများနှင့် အရပ်သား ပြည်သူ ၄၇၆ ဦးဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP