#Local_News
Published 19 April 2025
▪️ မတ်လ၂၈ရက်က အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ရှေးဟောင်းသမိုင်းဝင်ဖြစ်သည့် နန်းမြင့်မျှော်စင်ပြိုကျမှုတွင် ပိတ်မိကျန်ရှိနေသည့် မ(၁)ဦး၏ ရုပ်အလောင်းအား ထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်လျှက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ကြွင်းကျန်ရုပ်အလောင်းအား ရှာဖွေထုတ်ယူရန် တံတားဦးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များသည် (အမရပူရ) သိရိဆင်ကာလူမှုကူညီရေးအဖွဲ့၊ စိတ္တသုခလူမှုကယ်ဆယ်ရေးအဖွဲ့(တွံတေး)နှင့် အဖြူရောင်လူမှုကယ်ဆယ်ရေးအဖွဲ့(တွံတေး)အဖွဲ့များဖြင့်ပူးပေါင်း၍ ယနေ့ ဧပြီလ ၁၉ရက် မီစတင်၍ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
▪️ ထို့အတူအင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၂၁×၂၂ လမ်း၊ ၈၀ ×၈၁ ကြားရှိ အင်ကြင်းကွန်ဒို အဆောက်အအုံပြိုကျမှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ယနေ့တွင်ရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိရာ နံနက်၁၀နာရီ ၁၅ မိနစ်အချိန်တွင် ကျား(၁)ဦး ရုပ်အလောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
#YMG/SW #Yangon_Times