#Local_News
Published 17 September 2024

▪️ ပြီးခဲ့သည့်ရက်ပိုင်းကဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုကြောင့် တိုင်းနှင့်ပြည်နယ်ကိုးခု၌ သီးနှံစိုက်ဧက ၆ သိန်းခွဲနီးပါး ရေဝင်နစ်မြုပ်ခဲ့ကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှ သိရသည်။

 

▪️ တိုင်ဖွန်းမုန်တိုင်း ရာဂိ၏ နောက်ဆက်တွဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်နေပြည်တော်၊ ကယား၊ ကရင်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းနှင့်  ဧရာဝတီတိုင်းအတွင်း မြို့နယ်ပေါင်း ၅၆ မြို့နယ်မှ စပါးနှင့်သီးနှံစုံ စိုက်ပျိုးဧက ၆၄၃,၀၈၁ ဧက ရေဝင်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ ရေဝင်နစ်မြုပ်မှုများတွင် နေပြည်တော်ကောင်စီနယ်မြေ၌  စုစုပေါင်း  စိုက်ပျိုးထားသည့် မိုးသီးနှံဧက ၃၄၅၀၀၀ မှ  ဧက ၄၇၀၀၀ ကျော် ရေကြီးနစ်မြုပ်ခဲ့ပြီး လက်ရှိအချိန်အထိ ဧက ၂၈၀၀၀ ပြန်ပေါ်ခဲ့ပြီး ထိခိုက်မှုရှိခဲ့သည့်  ဧက ၁၇၀၀၀ ကျော်တွင်  ဧက  ၃၉၀၀ ကျော်သည်  သီးနှံပျက်စီးခဲ့ခြင်း ဖြစ်‌ကြောင်း သိရသည်။

 

▪️ ယင်းရေကြီးမှုများကြောင့် ပျက်စီးခဲ့သည့်  စိုက်ပျိုးမြေများကို ရာသီချိန် အမီ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ထိခိုက်ခဲ့သည့်  သီးနှံစိုက်ခင်းများကို အထွက်နှုန်းနှင့်သီးနှံအရည်အသွေးထိခိုက်မှု သက်သာစေရေး၊ ရေကြီးရေလွှမ်းပြီးနောက် သီးနှံစိုက်ခင်းများကို ကျရောက်တတ်သည့် သီးနှံပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းရေးအတွက် နည်းပညာနှင့် အကူအညီများ ပံ့ပိုးပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

 

▪️ အဆိုပါ သီးနှံစိုက်ဧကများ  ရေနစ်မြုပ်မှုအပြင် လယ်ယာသုံး ကျွဲ၊ နွားတွေ အပါအဝင် တိရစ္ဆာန်မျိုးစုံ ၁၂၈၃၄၄ ကောင်ရေ သေဆုံးခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times