#Local_News
Published 17 February 2025
▪️ ဓနုဖြူမြို့နယ်၌ ခရီးသည်တင်ယာဉ်(၁)စီးအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသစ်ပင်အား ဝင်တိုက်၍ တစ်ဦး ေ-သဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။
▪️ ဖေဖော်ဝါရီ ၁၇ ရက်နေ့၊ မနက်၉ နာရီ အချိန်က ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာအုပ်စု၊ ပျဉ်ထောင်စုကျေးရွာအနီးတွင် ဇလွန်မြို့မှ ရန်ကုန်မြို့သို့မောင်းနှင်လာသော ခရီးသည်တင်ယာဉ်(၁)စီးသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိသစ်ပင်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ အဆိုပါ သတင်းရရှိသဖြင့် ဓနုဖြူမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။
▪️ ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်းကျား(၁)ဦး(သေဆုံး)နှင့် (၃)ဦး (မစိုးရိမ်ရ)ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အားဓနုဖြူဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
#YMG/NN #Yangon_Times