#Local_News
Published 15 March 2025
▪️ မြန်မာနိုင်ငံ ပြည်ပနိုင်ငံအသီးသီးရှိ ဆိပ်ကမ်းအသီးသီး၏ သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံသို့ပြန်လာရန် အခက်အခဲကြုံတွေ့နေရသော မြန်မာသင်္ဘောသားများကို မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသား အလုပ်သမားများ အဖွဲ့ချုပ် (MSF) မှ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့ကြောင့် သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်ရင်း အကြောင်းအမျိုးမျိုးကြောင့် ထိန်းသိမ်းခံရပြီး မိခင်မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲဖြစ်ပေါ်နေခြင်း၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိခြင်း စသည့်ပြဿနာများ ကြုံတွေ့နေရသည့် သင်္ဘောသားများ၏ မိသားစုများအနေဖြင့် မည်သည့်နိုင်ငံ၊ မည်သည့်ဆိပ်ကမ်း၌ ထိန်းသိမ်းခံထားရသည်ကို အကြောင်းကြားရန် (MSF) က အသိပေးထားသည်။
▪️ ထိုသို့ အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား မိသားစုများအနေဖြင့် သင်္ဘောသားအမည် ၊ CDC နံပါတ် ၊ Passport နံပါတ်၊ သင်္ဘောအချက်အလက်များ၊ မြန်မာနိုင်ငံတွင်ရှိသော ဒေသခံကိုယ်စားလှယ်အမည်နှင့် ရုံးလိပ်စာအပြင် နိုင်ငံခြားတွင်ရှိသော သင်္ဘောပိုင်ရှင်အမည်နှင့် ရုံးလိပ်စာများကို MSF သို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင်အထိန်းသိမ်းခံရသည့်အကြောင်းအရင်းနှင့် နေရာတို့ကိုလည်း တင်ပြရမည်ဖြစ်သကဲ့သို့ ထိန်းသိမ်းခံရမှုအပေါ် ဒေသခံကိုယ်စား လှယ်က ဆောင်ရွက်ထားခြင်း ရှိမရှိနှင့် ရှိခဲ့လျှင် မည်သို့ဆောင်ရွက်ထားသည်ဆိုသည့် အချက်အလက်များကို အထောက်အထားနှင့်တကွ တင်ပြရမည်ဖြစ် ကြောင်း သိရသည်။
#YMG/NN #Yangon_Times