#Local_News
Published 13 September 2024

▪️ နေပြည်တော်နယ်မြေအတွင်းရှိ ရေဘေးကူညီကြသည့် ပရဟိတအသင်းများမှ ကယ်ဆယ်ရေး​လူနာတင်ယာဥ်များအား New Day​ စက်သုံးဆီအရောင်း​ဆိုင်​မှ စက်သုံးဆီများလှူဒါန်းလျှက်ရှိကြောင်း သိရသည်။

 

▪️ New Day​ စက်သုံးဆီအရောင်း​ဆိုင်​တွင်​ နေပြည်တော်​နယ်မြေ​ တပ်ကုန်း၊လယ်ဝေးနှင့်ပျဥ်းမနား​ဒေသများသို့ ရေဘေးကယ်ဆယ်ရေးဆောင်ရွက်ရန် အနယ်နယ်အရပ်ရပ်မှ ရောက်ရှိလာမည့် ပရဟိတအသင်းများမှ ကယ်ဆယ်ရေး​လူနာတင်ယာဥ်များကို လှူဒါန်းပေးခြင်းဖြစ်သည်။

 

▪️ ထိုသို့လှူဒါန်းရာတွင် ယာဥ်တစ်စီးလျှင် စက်သုံးဆီ (၁၀) ဂါလံနှုန်းဖြင့် ကယ်ဆယ်ရေးလူနာတင်ယာဥ် အစီးရေ (၁၀၀) တိတိအား စက်သုံးဆီများအခမဲ့ဖြည့်တင်းလှူဒါန်းပေးမည်ဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times