#Local_News
Published 12 April 2025
▪️ ချုံချင့်မြူနီ စီပယ်အစိုးရမှ မြန်မာနိုင်ငံအတွင်း ၂၈-၃-၂၀၂၅ ရက်က ဖြစ်ပွားခဲ့သည့် အင်အား ၇.၇ အဆင့်ရှိ ပြင်းထန်သော မြေငလျင်ကြောင့် အသက်ဆုံးရှုံးမှုများနှင့် လူနေအိမ်များ၊ ရုံးအဆောက် အဦများ၊ လမ်းတံတားများ ထိခိုက်ပျက်စီးခဲ့ရမှုအတွက် အလှူငွေနှင့်အလှူပစ္စည်းများကို ယမန်နေ့က ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
▪️ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းက ချုံချင့်မြူနီစီပယ်အစိုးရမှလှူဒါန်းသည့် အလှူငွေယွမ် ၂၅၀,၀၀၀/-နှင့် ချုံချင့်မြူနီစီပယ်မြို့ရှိ အစိုးရဌာနများ၊ ကုမ္ပဏီများ၊ စီးပွားရေး လုပ်ငန်းရှင်များမှ လှူဒါန်းသည့် ယွမ် ၁.၂၄၅ သန်း တန်ဖိုးရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီ အလှူပစ္စည်းများအား ၁၁−၄−၂၀၂၅ရက်တွင် လက်ခံခဲ့ခဲ့ကြောင်း သိရသည်။
▪️ အဆိုပါလှူဒါန်းငွေအား မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေစာရင်းသို့ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပြီး လှူဒါန်းပစ္စည်းများအား ချုံချင့်မြူနီစီပယ်အစိုးရအစီအစဉ်ဖြင့် ကုန်းလမ်း−ပင်လယ်ရေကြောင်း ပေါင်းစပ်ကုန်သွယ်မှုစင်္ကြံ လမ်းကြောင်းမှတဆင့် မြန်မာနိုင်ငံသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times