#Local_News
Published 12 March 2025

▪️ ယခုလ ၁၇ ရက်မှစကာ တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့် ကျောင်းဝင်ကြေးနှင့် ကျောင်းလခများကို အွန်လိုင်းငွေပေးချေခြင်းစနစ်စတင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

▪️ တက္ကသိုလ်ကျောင်းသားများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်း(Regi-stration)နှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခများကို Online Payment ၊ Mobile Wallet ဖြင့် ပေးသွင်းခြင်းတို့ ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ဦးစီးကော်မတီအစည်းအဝေး(၁/၂၀၂၅)ကို ယမန်နေ့နံနက်ပိုင်းကနေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ကတက္ကသိုလ်နေ့သင်တန်းနှင့် အဝေးသင်ကျောင်းသားများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းနှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခပေးသွင်းခြင်းများကို မိမိတို့ နှစ်သက်ရာ Online Payment ၊ Mobile Wallet တို့ဖြင့် စတင်ဆောင်ရွက်သည့် အခမ်းအနားဖြစ်ကြောင်း၊ ပညာရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ဘဏ်အဖွဲ့အစည်းများ၏ ချိတ်ဆက်အောင်မြင်မှု ဖြစ်ကြောင်း၊ တက္ကသိုလ်ကျောင်းသားများ ငွေသားဖြင့် ကျောင်းဝင်ကြေး၊ ကျောင်းလခပေးသွင်းခြင်းအစား ဒစ်ဂျစ်တယ်ငွေကြေး (Digital Currency) သုံးစွဲခြင်းအလေ့ အကျင့်ကို ပြောင်းလဲကျင့်သုံးနိုင်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ MMQR စနစ်တွင် ချိတ်ဆက်ထားသော ဘဏ်အဖွဲ့အစည်းများနှင့် အွန်လိုင်းငွေပေးချေခြင်းကို မတ် ၁၇ ရက် မှစတင်၍ ပညာရေးဝန်ကြီးဌာနရှိ တက္ကသိုလ်များတွင် စတင်ကျင့်သုံးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

▪️ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် စတင်အသုံးပြုနိုင်ပြီဖြစ်သော MMQR စနစ်ကို ဝန်ကြီးဌာနများအနက် ပညာရေးဝန်ကြီးဌာနက ပထမဦးဆုံး စတင်အသုံးပြုခြင်းဖြစ်သဖြင့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပြီး Mobile Pay User ၉၀ ရာခိုင်နှုန်းကျော်အထိ လွှမ်းခြုံနိုင်မည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times