#Local_News
Published 10 April 2025

▪️ မြေငလျင်ကြောင့် ထိခိုက်ခံစားရသည့် ရပ်ရွာလူထုများကို ကူညီထောက်ပံ့ရန်၊ ဥရောပသမဂ္ဂ၏ သိုလှောင်ထားသော အရေးကြီးထောက်ပံ့ရေးပစ္စည်းများ ၅၅ တန်ကို တင်ဆောင်လာသည့် ဒုတိယမြောက်လေယာဉ်သည် ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

▪️ ယခုရောက်ရှိလာသည့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပို့ဆောင်မှုတွင် အရေးပေါ်အမိုးအကာ၊ ဆေးဘက်ဆိုင်ရာ အထောက်အပံ့များနှင့် လိုအပ်နေသူများကို ကူညီရန် အခြားအရေးကြီးပစ္စည်းများ ပါဝင်ကြောင်း၊ထိုပစ္စည်းများအားမြန်မာနိုင်ငံတွင် လုပ်ကိုင်လျက်ရှိသော အီတလီနိုင်ငံမှလူသားချင်းစာနာမှုအဖွဲ့အစည်းဖြစ်သော Cesvi Onlus သည် လိုအပ်မှုအပေါ်အခြေခံ၍ ထိုအထောက်အပံ့များကို သက်ဆိုင်ရာဒေသများသို့ စနစ်တကျ ဖြန့်ဝေသွားမည်ဖြစ်ကြောင်းသိရသည်။

▪️ လေယာဉ်ဖြင့်ပေးပို့သောထောက်ပံ့မှုသည် ဥရောပသမဂ္ဂ Humanitarian Air Bridge ၏ ဒုတိယအကြိမ်မြောက်ပေးပို့မှုဖြစ်ပြီး၊ ပထမ လေယာဉ် ဖြင့်တင်ဆောင်လာသည့် တန်ချိန် ၈၀ ခန့်ရှိသော ထောက်ပံ့ရေး ပစ္စည်းများသည် မကြာသေးမီက မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး လိုအပ်သူများထံ ဖြန့်ဝေပေးနိုင်ရန် UNICEF ထံသို့လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊လေကြောင်းဖြင့်ပို့ဆောင်သော ပစ္စည်းများအပြင်၊ ဥရောပသမဂ္ဂမှ ၂၀၂၅ ခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ယူရို ၃၃ သန်းကို ထောက်ပံ့ရန် ချမှတ်ပြီးသားဖြစ်သည့်အပြင်၊ ယခု မြေငလျင်အရေးပေါ်တုံ့ပြန်မှုအတွက် ယူရို ၁၃ သန်းကို ထပ်မံ ထောက်ပံ့မည်ဖြစ်ကြောင်း ကြေညာထားပြီးဖြစ်‌ကြောင်း သိရသည်။

#YMG/SW #Yangon_Times