#Local_News
Published 9 September 2024


▪️ ယခုနှစ်ရှစ်လအတွင်း ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သား ၅,၈၀၀ ကျော်စေလွှတ်ထားကြောင်းအစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ သိရသည်။

 

▪️ တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ  ဩဂုတ်လအထိ လုပ်သား ၅,၈၅၀ ဦး စေလွှတ်ထားခြင်းဖြစ်သည်။

 

▪️ ထိုသို့   EPS စနစ်ဖြင့် လုပ်သားစေလွတ်ရာတွင် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက်လုပ်သားများ စေလွှတ်ပေးနေခြင်းဖြစ်ပြီး  ကုန်ထုတ်လုပ်ငန်းကဏ္ဍအတွက် အများဆုံးစေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ ပြီးခဲ့သည့်  ၂၀၂၃ ခုနှစ်အတွင်း ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ လုပ်သားဦးရေ ၁၀,၆၁၁ ဦး စေလွှတ်နိုင်ခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်အတွင်း ဝန်ဆောင်မှုလုပ်ငန်းဖြင့် အမျိုးသမီးများကို ပထမဦးဆုံးအကြိမ်ဖြစ် စေလွှတ်သွားမှာဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times