#Local_News
Published 8 November 2024
▪️ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးတို့အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra တို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူးမင်းမြို့ရှိ Wyndham Grand ဟိုတယ်၌ နိုဝင်ဘာလ ၇ ရက် က တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
▪️ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးအပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် လာရောက်ချိန်တွင် အထက်ပါအတိုင်း ဆွေးနွေးကြခြင်းလည်း ဖြစ်ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ခွဲခြား၍မရသည့် အိမ်နီချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး တစ်နိုင်ငံ နှင့် တစ် နိုင်ငံ အရေးကိစ္စများ သက်ရောက်မှုရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး၊ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များတို့ကို ဆွေးနွေးခဲ့ ကြခြင်း ဖြစ်ကြောင်း သိရသည်။
▪️ အလားတူ အလုပ်သမားဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံဝန်ကြီးဌာနအချင်းချင်းနှင့် ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေး၊မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် ချ မှတ် ထားသည့် ဦးတည်ချက်များအတိုင်း အကောင်အထည် ဖော်ဆောင်ရွက်နေမှု ၊ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု တို့ကို ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
Yangon_Times/PP