#Local_News
Published 3 December 2024


▪️ ယခုလ ၆ရက်မှစတင်ကာ “Kaiser” လိပ်ပြာပုံ စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို ရောင်းချပေးသွားမည်ဖြစ်ကြောင်းပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ  သိရသည်။

▪️ မြန်မာ့စာတိုက်လုပ်ငန်းက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံ၌တွေ့ရှိရသော လိပ်ပြာမျိုးစိတ်အဖြစ် မှတ်တမ်းတင်သဘောထားမှတ်ချက်ပြုထားသည့် “Kaiser” လိပ်ပြာပုံ ကို ပုံနှိပ်၍ ၂၀၀ ကျပ်တန် စာပို့တံဆိပ်ခေါင်းသစ်အဖြစ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် (သောကြာနေ့) တွင်စတင်ရောင်းချမည်ဖြစ်ကြောင်း၊ ထိုနေ့ နံနက် ၉ နာရီခွဲမှစတင်ကာ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက် တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW#Yangon_Times