#Local_News
Published 28 April 2025

▪️ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့အနီး၌ မြေငလျင်ငယ်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

▪️ ဧပြီ ၂၈ရက်နေ့ မနက် ၇ နာရီ ၅၇မိနစ်၅၇ စက္ကန့် အချိန်၌ ရေတာရှည်မြို့၏ အနောက်မြောက်ဘက်(၂၄) မိုင်ခန့်ကို ဗဟိုပြု၍ အနက် - ၅ ကီလိုမီတာ နေရာ၌ အင်အားပမာဏ - ၄.၀ ရစ်(ခ်)တာစကေး ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

▪️ မိုးလေဝသနှင် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ မတ်၂၈ရက်နေ့နောက်ပိုင်းတွင် လှုပ်ခတ်ခဲ့သောမန္တလေးငလျင်နောက်ဆက်တွဲများအဖြစ်ယနေ့အထိ အကြိမ်ရေ ၁၅၈ ကြိမ်အထိ လှုပ်ခတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times