#Local_News
Published_28 Feb 2025


▪️ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ဆားကျင်းကျေးရွာ အောင်ချမ်းသာ ကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်အား PDF များက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အားပေးထောက်ခံခြင်း၊ ကူညီထောက် ပံ့ခြင်း မရှိသဖြင့် လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ ဆရာတော်မှာ ရရှိဒဏ်ရာများဖြင့် ပျံလွန်တော်မူခဲ့ပြီး အဆိုပါကျောင်းအနီးရှိ ကုန်စုံဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

▪️ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၈နာရီချိန်ခန့်တွင် ဆားကျင်းကျေးရွာရှိ အောင်ချမ်းသာ ကျောင်းတိုက် ဆရာ တော် ဘဒ္ဒန္တ နန္ဒိယ သက်တော် ၈၅ နှစ်(ဝါတော် ၄၅) သည် ကျောင်း အတွင်း တစ်ပါးတည်းရှိနေစဉ် PDF အမည်ခံအ ကြမ်း ဖက်သမားများရောက်ရှိလာပြီး ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များအပေါ် အားပေး ထောက်ခံခြင်း၊ ကူညီထောက်ပံ့ခြင်းမရှိသဖြင့် လက်နက်ငယ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ဆရာတော်တွင် ဦးခေါင်းကျည် ဖောက်ဝင် ဒဏ်ရာ ဖြင့် ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️ ထို့အပြင် အဆိုပါကျောင်းတိုက် အနီးရှိ ကုန်စုံဆိုင်ကိုလည်း ၎င်းတို့၏ လုပ်ရပ်များအပေါ် တိုင်ကြားမှုမပြု လုပ်နိုင်ရန် မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာ၏ အနောက်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

#Yangon_Times/PP