#Local_News
Published 26 October 2024


▪️ ရန်ကုန်၌ အလုပ်အကိုင်အခွင့်အလမ်း ၆၀၀‌ ကျော်  လုပ်ကိုင်နိုင်မည့်  ဟိုတယ် လုပ်ငန်းနှင့် CMP အထည်ချုပ်လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီမှခွင့်ပြုခဲ့ကြောင်း သိရသည်။

 

▪️ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၀/၂၀၂၄) ကြိမ်မြောက်အစည်းအဝေး၌  အလုပ်အကိုင် အခွင့်အလမ်း ၆၂၂ ဦး လုပ်ကိုင်နိုင်မည့်  လုပ်ငန်းနှစ်ခုကို အတည်ပြုပေးနိုင်ခဲ့ခြင်းဖြစ်သည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင်များက ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့်ပစ္စည်းနမူနာ ပြသထားရှိမှုကို ဦးစွာကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

 

▪️ ထို့နောက် တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ကဏ္ဍတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု၊ စက်မှုကဏ္ဍတွင် ဖက်စပ်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတစ်ခုတို့ကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ  အတည်ပြုပေးခဲ့သည့်  လုပ်ငန်းများမှာ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းနှင့် CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းများဖြစ်ပြီး ယင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ငွေကျပ်သန်း ၈၆၀ နှင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၀၃ သန်းဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times