#Local_News
Published 25 December 2024


▪️ ၂၀၂၄ ခုနှစ်ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ရွှေကြိုမောင်မယ်အဖြစ်ပါဝင်ရန်  ရွှေကြိုမောင်မယ်များကို နောက်ဆုံးအဆင့်ရွေးချယ်ရာတွင် ရွေးချယ်ရေးအဖွဲ့၏ အမှတ် ၆၀ရာခိုင်နှုန်းနှင့် ပရိတ်သတ် ဆန္ဒမဲ ၄၀ ရာခိုင်နှုန်း ထည့်သွင်းကာရွေးချယ်မည်ဖြစ်‌ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ရွှေကြိုရွေးချယ်ရေးကော်မတီမှ သိရသည်။

▪️ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရမည့်ရွှေကြိုအမျိုးသမီး ၃၀ ဦး၊အမျိုးသား၂၅ ဦး စာရင်းကိုထုတ်ပြန်လိုက်ပြီး ထိုနောက်ဆုံးအဆင့်ယှဉ်ပြိုင်ခွင့်ရသူများသည် ဇန်နဝါရီလ ၅ ရက်တွင် ထပ်မံယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ နောက်ဆုံးအဆင့်ယှဉ်ပြိုင်ရန်အတွက် ၁။ ကျပမ်းဇာတ်ကောင်စရိုက်နှင့် ခံစားချက်အမူအရာကိုသရုပ်ဆောင်ပြခြင်း၊၂။ သရုပ်ဆောင်တစ်ယောက်တွင်ရှိသင့်သည့် အရည်အသွေးဆိုင်ရာဗဟုသုတကို ကျပမ်းမေးခွန်းများမေးကာစစ်ဆေးခြင်း။ ၃။ TikTok တွင် ‌Trend ဖြစ်သည့် အကြောင်းအရာများအနက်မှ မိမိနှစ်သက်ရာ တစ်ခုကို ရွေးချယ်ရိုက်ကူး ဆော့ကစားပြီး ထိုသို့ ရိုက်ကူးထားသည့် TikTok Video ကို ရွှေကြိုရွေးချယ်ရေးအဖွဲ့ ၏ Telegram  +959880896957 သို့ ၂၇-၁၂-၂၀၂၄ နေ့ရက် ည၁၀နာရီနောက်ဆုံးထားမဖြစ်မနေ ပေးပို့ရန်။ ( အဆိုပါ TikTok Video အား နောက်ဆုံးပြိုင်ပွဲနေ့ ပြိုင်ပွဲအစီအစဉ် တိုက်ရိုက်ထုတ်လွင့်မှု ၌ ပြသမည်။ ပရိတ်သတ်ဆန္ဒမဲ ရယူရန် ပြိုင်ပွဲဝင်များ၏ Promo vdo အဖြစ် ‌အကယ်ဒမီရွှေကြိုမောင်မယ် Facebook page တွင် ၂၀၂၄ ဒီဇင်ဘာ၂၈ရက်နေ့မှစတင် ဖေါ်ပြကြေညာမည်) တို့ကို ကြိုတင်ပြင်ဆငါထားရမည်ဖြစ်ကြောင်း သိရသည်။

▪️ ပရိတ်သတ်ရွေးချယ်မှု ၄၀ရာခိုင်နှုန်းအတွက် ဆန္ဒမဲများကို( က )  Hey Play App မှတဆင့် ဆန္ဒပြုခြင်း (အခမဲ့)၊ ( ခ ) Atom ၏ SMS နံပါတ် 6666 သို့SMS ပေးပို့ ဆန္ဒပြုခြင်းစသည့် နည်းလမ်းနှစ်မျိုးဖြင့် ပါဝင်ဆန္ဒပြုနိုင်ပြီး မဲပေးခြင်းကို ဒီဇင်ဘာလ၂၅ရက် နေ့လည်၁နာရီတွင်စတင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

▪️ ဒုတိယအဆင့် ယှဉ်ပြိုင်စဉ်က ရွှေကြိုများ၏ သရုပ်ဆောင်စွမ်းရည်ကို (၃) မိနစ်ထက်မပိုပဲပြသယှဉ်ပြိုင်စေခဲ့ပြီး နောက်ဆုံးအဆင့်အတွက်ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ယခုနောက်ဆုံးအဆင့်ရွေးချယ်ခံရသူများထဲမှ ရွှေကြိုအမျိုးသမီး ၁၀ဦး၊ ရွှေကြိုအမျိုးသား ၁၀ဦးကို ၂၀၂၄ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားတွင် ပါဝင်နိုင်ရန်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times