#Local_News
Published 22 April 2025
ရန်ကုန်မှ မလေးရှားနိုင်ငံ၊ ပီနန်မြို့သို့ တိုက်ရိုက်လေကြောင်းခရီးစဉ်များ တစ်ပတ်နှစ်ရက်ပျံသန်းပေးနေပြီဖြစ်ကြောင်း Myanmar Airways International (MAl)မှ သိရသည်။
MAI အနေဖြင့် အဆိုပါ ခရီးစဉ်သစ်ကို ယခုလ၁၀ရက်မှစတင်ကာ ပျံသန်းပြေးဆွဲနေခြင်းဖြစ်ပြီး အပတ်စဉ်တနင်္လာနှင့် သောကြာတိုင်း ပျံသန်းပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ရန်ကုန်-ပီနန်တိုက်ရိုက်လေကြောင်း ခရီးစဉ်စတင်လိုက်ခြင်းကြောင့် မြန်မာခရီးသွားများအနေဖြင့် ပီနန်ရှိ ကိုလိုနီခေတ် အမွေအနှစ်များနှင့်ပြည့်နှက်နေသောယူနက်စကို စာရင်းဝင်George Townသို့ အလွယ်တကူသွားရောက် လေ့လာရှုကြည့်နိုင်မည့်အပြင် ကမ္ဘာကျော် street food များ၊ ကမ်းရိုးတန်းအလှအပများကို ထိတွေ့ခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times