#Local_News
Published 22  February 2025

▪️ ရန်ကုန်တိုင်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ခနောင်တိုချောင်းအတွင်း သင်္ဘောတစ်စီး မီးလောင်မှုတစ်ခု ယ‌နေ့မနက်ပိုင်းတွင်ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

▪️ ဖေဖော်ဝါရီ ၂၂ရက်နေ့၊ မနက်၉နာရီ  ၄၇မိနစ် အချိန်ခန့်က  ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ အရှေ့ရပ်ကွက်၊ ခနောင်တိုချောင်းအတွင်းတွင် သင်္ဘော(၁)စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ  သတင်းရရှိသဖြင့် ဆိပ်ကြီးခနောင်တိုမြို့နယ်မီးသတ်စခန်းနှင့် ဒလမြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် အပေါ့စားစက်(၄)လုံးဖြင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

#YMG/NN #Yangon_Times