#Local_News
Published 22 October 2024
▪️ ငမိုးရိပ်နှင့်မဟူရာတမံရေပြည့်မှတ်ထက်ကျော်လွန်နေကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
▪️ အောက်တိုဘာ ၂၂ရက် မနက် ၆နာရီအချိန်ထုတ်ပြန်ချက်အရ ငမိုးရိပ်တမံသည် ရေပြည့်မှတ်အထက် ၁ဒသမ ၇၅ ပေပိုနေပြီး မဟူရာတမံ သည် ရေပြည့်မှတ်အထက် ၁ဒသမ၁၀ ပေပိုနေကြောင်း သိရသည်။
▪️ "မိုးကတော့ ပညာရှင်တွေကြိုတင်ခန်းမှန်းချက်တွေအတိုင်း တော်တော်ကိုများပါတယ်၊ ရေပိုလွှဲများရေမကျော်သေးပါဘူးခင်ဗျာ၊ ရေစီးရေလာမကောင်းတဲ့ မြို့ရွာရပ်ကွက်တွေမှာတော့ မနေ့ကလိုဘဲရေတွေများနိုင်ပါတယ်" ဟု တာဝန်ရှိသူတစ်ဦး ကပြောသည်။
▪️ ထို့အပြင် ပေါင်းလင်းတမံသည် ရေပြည့်ရန် ၅ဒသမ ၈၀ ပေလိုနေပြီး လဂွမ်းပြင်တမံသည် ရေပြည့်ရန် သုညဒသမ ၆၀ ပေလိုနေပြီး ကလီထော်တမံသည် ရေပြည့်ရန် သုညဒသ၉၀ ပေလိုကြောင်း သိရသည်။
▪️ ငမိုးရိပ်ရေလှောင်တမံသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီး ကျေးရွာအနီး (၂)မိုင်ခန့် အကွာတွင် တည်ရှိပြီး မဟူရာ(ငမိုးရိပ်)ရေကူရေလှောင်တမံသည်လှည်းကူးမြို့နယ်၊ ဘွက်ကြီး ကျေးရွာအထက်ဘက်(၂)မိုင် ခန့်အကွာတွင် တည်ရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times