#Local_News
Published 21 September 2024


▪️ မကွေးတိုင်းဒေသကြီးရှိမြို့နယ်အချို့မှာ  မိုးသည်းထန်စွာရွာသွန်းနေသောကြောင့် သစ်ပင်များပြိုလဲ၍ အိမ်ပိမှုများနှင့် လမ်းပိတ်ဆို့မှုများဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ စက်တင်ဘာ ၂၁ ရက်နေ့၊ မနက်၇ နာရီ ၅၀မိနစ် အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အဆုံကျေးရွာတွင် မိုးရွာသွန်းမှု့ကြောင့် ဂန္တာပင်လဲကျ၍ နေအိမ်ပေါ်သို့ပိမိနေကြောင်း သိရသည်။

 

▪️ အဆိုပါ  သတင်းရရှိသဖြင့် မလှိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

▪️ အလားတူ စက်တင်ဘာ ၂၁ရက်နေ့ တွင် မကွေးတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မကွေးမြို့၊  ဆားရွှေကင်းရပ်ကွက်၊ ရာဇမုနိဘုရားလမ်းတွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခြင်း၊ မင်းဘူးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ အောင်မြေရပ်နှင့် အမှတ်(၄)ရပ်ကွက်၊ ရှမ်းစုရပ်တို့တွင် သစ်ပင်လဲကျမှုဖြစ်ပွားခြင်း၊ ချောက်မြို့နယ်၊ အမှတ်(၁၅)တိုးချဲ့ရပ်ကွက်၊ စိုက်ပျိုးရေးလမ်းတွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားခြင်း၊ ရေနံချောင်းမြို့နယ်၊ ညောင်လှရပ်ကွက်၊ အ.ထ.က (၃)စာသင်ကျောင်းဝန်းရှေ့ သစ်ပင်လဲကျခြင်းနှင့် ပွင့်ဖြူမြို့နယ်၊ အနောက်ပိုင်းရပ်ကွက်တွင် နေအိမ်ပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခြင်းတို့အား မကွေးမြို့နယ်မီးသတ်စခန်း၊ မင်းဘူးမြို့နယ်မီးသတ်စခန်း၊ ချောက်မြို့နယ်မီးသတ်စခန်း၊ ရေနံချောင်းမြို့နယ်မီးသတ်စခန်းနှင့် ပွင့်ဖြူမြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times