#Local_News
Published 21 February 2025
▪️ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံရုံးက မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့်ယဉ်ကျေးမှု၊ အမွေအနှစ်၊ အနုပညာပြပွဲကြီးကို ကြီးမှူးကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
▪️ အီတလီသံရုံးအနေဖြင့် အခြားမိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် ဒို့အိမ်နှင့် Our Heritage Homes Myanmar တို့ဖြင့် ပူးပေါင်းပြီးအဆိုပါပြပွဲကို ဖေဖော်ဝါရီ (၂၃) ရက်၊ နံနက် (၉) နာရီမှ ည (၉) နာရီအထိ အင်းလျားမြိုင်လမ်းရှိ အီတလီသံရုံးတွင် ကျင်းပသွားမည်ဖြစ်သည်။
▪️ ယဉ်ကျေးမှု၊ အမွေအနှစ်နဲ့ အနုပညာကို ရှုထောင့်ပေါင်းစုံကနေ သက်ဝင်ခံစားနိုင်မယ့် စုံလင်တဲ့ ပွဲအစီအစဉ်တွေထဲမှာတော့ ဒို့အိမ်က 'Sense of Place' အမည်ရ စကားဝိုင်းမှာ ဆွေးနွေးသူအနေနဲ့ ပါဝင်သွားမှာဖြစ်ပြီး ပွဲတလျှောက်လုံးမှာ တက်ရောက်သူတိုင်း ပါဝင်ဆောင်ရွက်နိုင်မယ့် 'Downtown in Memories' အမည်ရ အစီအစဉ်တစ်ခုလည်း ပါရှိသွားမှာပါ။ ဟု ဒို့အိမ်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
▪️ ဒို့အိမ်က ပါဝင်ဆွေးနွေးမည့် 'Sense of Place' စကားဝိုင်းတွင် လူမှုပတ်ဝန်းကျင်တွင် အားလုံး အသုံးပြုနေထိုင်တည်ရှိနေသည့်နေရာများမှ ပတ်ဝန်းကျင်နှင့်နေထိုင်သူများအပေါ် မည်သို့သက်ရောက်မှုရှိပြီး ချိတ်ဆက်နေကြောင်းကို ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း၊'Downtown in Memories' အစီအစဉ်တွင် ရန်ကုန်မြို့ရှိ သမိုင်းနှင့်အမွေအနှစ်တန်ဖိုးရှိ နေရာများဖြစ်သော လောကနတ်အဆောက်အအုံ၊ စာအုပ်တန်း၊ ရသာလက်ဖက်ရည်ဆိုင်၊ စာတိုက်ရုံး စသဖြင့် နေရာများအကြောင်းကို လေ့လာနိုင်မည်ဖြစ်ပြီး ၎င်းနေရာများနှင့်ပတ်သက်သည့် မိမိ၏ ခံစားချက်များကို စိတ်ဝင်စားစရာကောင်းသည့်နည်းလမ်းမျိုးဖြင့် ဖော်ပြနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times