#Local_News
Published 19 September 2024


▪️ ရေကြီး၊ ရေလျှံမှုများကြောင့် စာသင်ကျောင်းများတွင် တင်ရှိနေသည့် နှုန်းများရှင်းလင်းရေးများဆောင်ရွက် လျှက်ရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ထိုသို့လုပ်ဆောင်ရာတွင်  ယနေ့ စက်တင်ဘာ ၁၉ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ဆုံကုန်းရပ်ရှိ အ.မ.က စာသင်ကျောင်း၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်အ.ထ.က စာသင်ကျောင်းနှင့် ဆင်တဲကြီးကျေးရွာ၊ အ.မ.က(ဆင်တဲကြီး) စာသင်ကျောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ မြို့မအလက(ခွဲ)ကျောင်း၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ မောင်းမဆည်ကျေးရွာရှိ စာသင်ကျောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာန၊ တပ်ကုန်းမြို့နယ်၊ အလကခွဲဘုရင့်နောင်‌နှင့် ပျဉ်းမနားမြို့နယ်၊ (အ.ထ.က)သကြားစက်တွင် ရေဝင်ရောက်မှုကြောင့် တင်ကျန်ခဲ့သောနုန်းများ၊ ရွှံ့နွံများအား ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ ကဲ့သို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမြို့နယ်မီးသတ်စခန်းများမှ  သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ အဆိုပါ သဘာဝဘေး အန္တရာယ်ကြောင့် ပိတ်ထားရသည့် ကျောင်းများကို ယခုလကုန်တွင် ပြန်ဖွင့်နိုင်ရန် ကြိုးစားနေပြီး  ပိတ်ထားရသည့် စာသင်ကျောင်းများဖွင့်လှစ်ရာတွင် စနေ၊ တနင်္ဂနွေများ၌ အစားထိုးပြန်တက်ခြင်း၊ ပိတ်ရက်များတွင် အစားထိုးပြန်တက်ခြင်းများ ပြုလုပ်ခြင်းများအပြင် စာမေးပွဲဖြေရမည့်အချိန်၌ ၎င်းတို့သင်ကြားပြီးစီးသည်အထိသာ စာမေးပွဲစစ်ပေးမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌကပြောကြားထားသည်။

 

#YMG/NN #Yangon_Times