#Local_News
Published 14 February 2025

▪️ မြောက်ဉက္ကလာပမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးအနီးရှိ  သီရိရတနာစျေး၌ မီးလောင်မှုတစ်ခု ယနေ့မနက် အစောပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

▪️ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ  ၁၄ ရက်နေ့၊ မနက်၃နာရီ  ၅၀မိနစ် အချိန်ခန့်က  ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊  သီရိရတနာဈေးတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

▪️ "အောင်မင်္ဂလာအဝေးပြေးမရောက်ခင် တမှတ်တိုင် စိုက်ပျိုးရေးမှတ်တိုင် အနောက်ကသီရိရတနာစျေးဝန်းမှာ  မီးလောင်တာပါ ၊  မီးလောင်အချိန်သိပ် မကြာဘူး "ဟု ဒေသခံတစ်ဦးကပြောသည်။

▪️ အဆိုပါ  သတင်းရရှိသဖြင့်  မြောက်ဉက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များထွက်ခွာငြိမ်းသတ်ခဲ့ရာ၄ နာရီ၁၀ မိနစ်အချိန်၌  မီးထိန်းနိုင်ခဲ့ပြီး ၄နာရီ ၁၃မိနစ် အချိန်၌  မီးငြိမ်းနိုင်ခဲ့‌ကြောင်း သိရသည်။

▪️ မီးလောင်မှုဖြစ်စဉ်နှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးများအားဆက်လက်စုံစမ်းနေကြောင်းသိရသည်။

#YMG/NN #Yangon_Times