#Local_News
Published 12 September 2024

▪️ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ကားမီးလောင်မှုတစစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

▪️ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၁ ရက်နေ့၊ ည ၉နာရီခွဲ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းတွင် ကားတစ်စီးမီးလောင်ခဲ့ကြောင်း သိရသည်။

 

▪️ အဆိုပါ သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၉နာရီ  ၃၈ မိနစ်အချိန်၌  မီးငြိမ်းခဲ့ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times