#Local_News
Published 12 April 2025

▪️ ယမန်နေ့ညပိုင်းက ပြည်ထောင်စုလမ်းမကြီးဘေး ရေချောင်းအတွင်း ၆ဘီးကားထိုးကျပြီး ယာဉ်ပေါ်လိုက်ပါလာသူတစ်ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်။

▪️ ဧပြီလ ၁၁ ရက် ည ၆ နာရီအချိန်ခန့်၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ယန်းခအုပ်စု၊ (၃၁)မိုင်ကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၄၄၂/၆-၇ ကြားတွင် Mitsubishi Canter ၆ဘီး (အဖြူရောင်)ယာဉ်သည် လမ်း၏ ယာဘက်ပေ(၁၅၀)ခန့်နက်သော ရေချောင်းအတွင်းသို့ ထိုးကျခဲ့ရာ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၅)ဦး၊ မ(၂)ဦး၊ စုစုပေါင်း (၇)ဦးအနက် ကျား(၁)ဦး(သေဆုံး) ကာ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ နှင့် မ(၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)များရရှိခဲ့ကြောင်း သိရသည်။

▪️ ထိုဖြစ်စဉ်သို့ ကျိုင်းတုံခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး လူနာများအားတိုင်းနေလူမှုကူညီရေးအသင်း၊ နှလုံးလှပိုင်ရှင်များ လူမှုကူညီရေးအသင်း၊ မိဘသွေးလူမှုကူညီရေးအသင်း၊ မိုင်းဖြတ်မြို့နယ်လူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် မိုင်းဖြတ်ပြည်သူ့ဆေးရုံကြီးနှင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်၊၊

#YMG/SW #Yangon_Times