#Local_News
Published 11 September 2024


▪️ ဘဏ်သို့ ကြွေးမြီများပေးသွင်းနိုင်ရန် ဇာတ်မင်းသားဖိုးချစ်အနေဖြင့် အကျယ်အဝန်း (၁.၁၉) ဧကရှိသော သဘင်ခြံကြီးကိုရောင်းချရန်ရှိကြောင်းသိရသည်။

 

▪️ ယင်းကဲ့သို့ရောင်းချမည့်အကြောင်းကို ဇာတ်မင်းသားဖိုးချစ်၏ လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားခြင်းဖြစ်ပြီး မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၂၉) အောင်ချမ်းသာလမ်းမကြီး( ဖိုးချစ်လမ်း ) ကြူစမ်းရပ်ကွက်မှာရှိတဲ့ နှစ် ၆၀ ဂရံနာမည်ပေါက်ခြံကိုပြန်ရောင်းချမှာဖြစ်သည်ဟု ဖော်ပြထားသည်။

 

▪️ လက်ရှိ CB Bank မှာ အပေါင်ထားသည့် ခြံဖြစ်ပြီး ကတိမပျက်လိုသည့်အတွက် ပြန်ရောင်းချလိုခြင်းဖြစ်ပြီး ရောင်းချလိုသည့် မြေ၊အဆောက်အဦကတော့( 1) အကျယ်အဝန်း ၁.၁၉ ဧက ( sq ၅၁၈၃၆ )၊(2) အဆောက်အဦများ ပေ ၅၀/၆၅ ရှိ။ ၃ ထပ်တိုက်၊(3) Recoding တစ်ခု၊(4) ဇာတ်ရုံတစ်ခု( ပေ ၈၀/၁၀၀ ) ၊(5) လူနေတိုက် ( နှစ်ထပ်ခွဲ )၊(6) ဘန်ဂလိုတစ်လုံး(7) ဖူဆယ် ဘောကွင်း( ပေ ၁၁၀/၆၀ )၊(8) power မီတာ ၁ ရိုးရိုးမီတာ ၁၊(9) ကားဂိုဒေါင်နှစ်ထပ်တစ်လုံး( ပေ ၂၅ ပေပတ်လည်ခန့် )ဖြစ်ကြောင်း သိရသည်။

 

#YMG/tthl #Yangon_Times