#Local_News
Published 10 September 2024


▪️ ပြီးခဲ့တဲ့ ဩဂုတ်လအတွက် စေလွှတ်ထားသည့်အလုပ်သမားစာရင်းမပေးပို့သေးသည့်  အေဂျင်စီ ၅၀ ကို သတိပေးလိုက်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနမှ သိရသည်။

 

▪️ ထို့အပြင် ပြည်ပကိုစေလွှတ်ထားသည့်အလုပ်သမားများ၏ စာရင်းမပေးပို့သေးသည့်  အေဂျင်စီ၅၀အနေဖြင့် ပေးပို့ရန်ပျက်ကွက်ပါက စေလွှတ်ခွင့်ဆိုင်းငံ့မည့်အပြင်ဒဏ်ကြေးပါဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

 

▪️ ပြည်ပအလုပ်အကိုင်အေဂျင်စီများကို ယခုလ ၅ရက်နေ့မတိုင်ခင် ယခင်လကစေလွှတ်ခဲ့သည့် အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်များ ပေးပို့ရမည်ဖြစ်ကြောင်း ယခုနှစ်လယ်ပိုင်းမှစတင်၍  ညွန်ကြားထားခြင်းဖြစ်ကာ အေဂျင်စီများအနေဖြင့်  သြဂုတ်လအတွက်စေလွှတ်အလုပ်သမားစာရင်းကို မပေးပို့သေးသည့်အတွက် သတိပေးထုတ်ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

 

▪️ ပြီးခဲ့သည့် နှစ်စက်တင်ဘာလမှ  ဒီဇင်ဘာလအထိ စေလွှတ်အလုပ်သမား၏ မိသားစုဆီလွှဲပို့ငွေအထောက်အထားမတင်ပြနိုင်သည့်  အေဂျင်စီ ၇၉ခုကို စေလွှတ်ခွင့်ဆိုင်းငံ့ထားသကဲ့သို့  အလုပ်ခေါ်စာ အသစ်တင်ခွင့် ပိတ်ထားခြင်းဖြစ်ကြောင်း၊ ၎င်းအပြင်  အေဂျင်စီ ၆၇ခုကိုလည်း လွှဲပို့ငွေအထောက်အထားသတ်မှတ်ရာခိုင်နှုန်းပြည့်အောင်မတင်ပြနိုင်သည့်အတွက် အလုပ်ခေါ်စာအသစ်တင်ပြခွင့်ဆိုင်းငံ့ထားကြောင်း သိရသည်။

 

#YMG/NN #Yangon_Times