#Local_News
Published 8 March 2025

▪️ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်
MCCT ထောက်ပံ့ကြေးပေးအပ်မှုနှင့်ပတ်သက်၍ Facebook Page များ ဖွင့်လှစ်စာရင်းကောက်ယူ၍ ထောက်ပံ့ကြေးပေးအပ်မှုမရှိကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ အသိပေးကြေညာလိုက်သည်။

▪️ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့်  (MCCT) နှင့်ပတ်သက်၍ Social Media ဖြစ်သည့် Facebook Page များ ဖွင့်လှစ်စာရင်း ကောက်ယူ၍ ထောက်ပံ့ကြေးများပေးအပ်မှု လုံးဝမရှိပါကြောင်း မိဘပြည်သူများသို့ အသိပေး ကြေညာထားကြောင်း သိရသည်။

▪️ ထို့အပြင် စုံစမ်းမေးမြန်းလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၏ Viber ဖုန်းနံပါတ် 09-889900077 နှင့် Hot Line နံပါတ် 1566 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

#YMG/NN #Yangon_Times