#Local_News
Published_8 Feb 2025
▪️ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အတွင်း တရားမဝင်အွန် လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းခဲ့ရာ ဖေဖော်ဝါရီလ ၅ ရက်တွင် မိုင်းရယ်မြို့၏ အရှေ့တောင်ဘက်ဝန်းကျင်တွင် ကျားဖြန့် လုံခြုံရေးအဖွဲ့များနှင့် အပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
▪️ ဖြစ်စဉ်တွင် ကျားဖြန့်လုံခြုံရေးအဖွဲ့မှ အလောင်း ၂ လောင်းနှင့်အတူ ကျားဖြန့် လုံခြုံရေး ၅ ဦး၊ လက်နက်မျိုးစုံ ၆ လက်၊ တရုတ်နိုင်ငံသား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးတို့အား ဖမ်းဆီး ရမိခဲ့ကာ နောင်ဟန်ကျေးရွာအနီး၌ အဆောက်အဦ ၇ လုံးနှင့် ကျားဖြန့်လုပ်ငန်း များဆောင်ရွက်ရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ ၁၈၁ လုံး၊ Laptop မျိုးစုံ ၂၅ လုံး၊ Destop မျိုးစုံ ၂၁ လုံး၊ Keyboard မျိုးစုံ ၂၈ ခု၊ Wifi စက် ၂ လုံး၊ StarLink ၂ စုံ၊လုပ်ငန်းသုံးလျှပ်စစ်ဆက်စပ်ပစ္စည်းများ၊ သေနတ် ၁ လက်နှင့် ကျည် ၅ တောင့်တို့ အား ထပ်မံဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
▪️ ၎င်းအပြင် ဖေဖော်ဝါရီလ ၆ ရက်တွင် အဆိုပါ မိုင်းဟဒေသ၊ နောင်ဟန်ကျေးရွာတစ်ဝိုက်မှ တရုတ်နိုင်ငံသား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦး၊ ဗီယမ်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂ ဦး၊ အမျိုး သမီး ၂၅ ဦးတို့အား တရားမဝင်အွန်လိုင်း လိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ရာတွင် အသုံး ပြုသည့် ကွန်ပျူ တာ ၇၂ လုံး၊ StarLink ၅ စုံ၊ ဖုန်းမျိုးစုံ ၇၉ လုံး၊ ငါးဂိမ်းစက် ၅ လုံး၊ မော်တော်ယာဉ် ၂ စီးတို့အား လည်းကောင်း ၊ဖေဖော်ဝါရီလ ၇ ရက်တွင်လည်း နောင်ဟန်ကျေးရွာအနီးတစ်ဝိုက်တွင် တရုတ်နိုင်ငံသား အမျိုးသား ၁၂ ဦး၊ Alphard မော်တော်ယာဉ် ၁ စီး၊ မီးစက် ၁ လုံးတို့ကိုထပ်မံ ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
▪️ မိုင်းရယ်မြို့နယ်၊ မိုင်းဟဒေသအတွင်း ဖေဖော်ဝါရီလ ၅ ရက်မှ ၇ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး၂ ဦး၊ ပေါင်း ၂၉ ဦး၊ ဗီယမ်နမ်နိုင်ငံသား အမျိုးသမီး ၁၈ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၅ ဦး၊ အမျိုးသမီး ၂၉ ဦး၊ ပေါင်း ၃၄ ဦး၊ စုစုပေါင်း ၈၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူများအား စနစ်တကျ စိစစ်ဆောင်ရွက်လျက်ရှိပြီး ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူဆောင်ရွက်နိုင်ရန်နှင့် ပြည်ပနိုင်ငံသားများအား လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှုတို့ကိုရှေးရှု၍ သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Yangon_Times/PP