#Local_News
Published 7 March 2025

▪️ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ)က မသန်စွမ်းများအတွက် အလုပ်အကိုင်ရှာ‌ဖွေပေးလျှက်ရှိရာ လက်ရှိတွင် မသန်စွမ်းဝန်ထမ်းများခေါ်ယူလျှက်ရှိကြောင်း သိရသည်။

▪️ ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) နှင့် W.H.K Co.,Ltd တို့ပူးပေါင်း၍ W.H.K Co.,Ltd တွင် တာဝန်ထမ်းဆောင်ရန်အတွက် Data Analyst အဖြစ်လုပ်ကိုင်ရန်မသန်စွမ်းဝန်ထမ်း(အမျိုးသား၊အမျိုးသမီး)များကို ခေါ်ယူလျှက်ရှိ‌ကြောင်း သိရသည်။

▪️ လျောက်ထားလိုသူများအနေဖြင့် အသက် ၂၅ နှစ် မှ ၃၅နှစ် ရှိသူဖြစ်ရမည်ဖြစ်ပြီး တက္ကသိုလ်မှ ဘွဲ့တစ်ခုခုရရှိပြီးသူ Data Entry စာရင်းပိုင်းနှင့်ပတ်သတ်၍ အတွေ့အကြုံ (၂) နှစ်ရှိရမည်ဖြစ်ကာData Report များစီစစ်ထုတ်နိုင်ရမည်ဖြစ်ကြောင်း၊ထို့ပြင် Microsoft Word, Microsoft Excel (အင်္ဂလိပ်၊ မြန်မာ) တို့ကို ကျွမ်းကျင်စွာ ရိုက်နိုင် ရမည်ဖြစ်ကာComputer Advance Excel အထူးကျွမ်းကျင်ရမည်ဖြစ်ကြောင်း သိရသည်။

▪️ အလုပ်လျှောက်လွှာများကို Email- This email address is being protected from spambots. You need JavaScript enabled to view it. နှင့် Viber- 09- 960 660 907 များသို့ ပေးပို့လျှောက်ထားနိုင်‌ကြောင်း သိရသည်။

#YMG/SW #Yangon_Times