#Local_News
Published 7 February 2025

▪️ နိုင်ငံကျော်တေးရေးနိုင်မြန်မာ ယနေ့မနက်ပိုင်းက ကွယ်လွန်သွားကြောင်း ဂီတအသိုင်းအဝိုင်းမှ သိရသည်။

▪️ တေးရေးနိုင်မြန်မာ ကွယ်လွန်သည့်အကြောင်းကို ဂစ်တာနိုင်ဇော်က‘‘တေးရေးနိုင်မြန်မာ ကွယ်လွန်ခြင်းအတွက် ဂီတလောကတစ်ခုလုံး ဆုံးရှုံးရသလိုခံစားရပါတယ်’’ဟု ရေးသားထားသည်။

▪️ တေးရေးနိုင်မြန်မာသည်ကွယ်လွန်ချိန်တွင် (၆၈) နှစ်ရှိပြီကာ  မြန်မာ့ဂီတလောကတွင် ကျော်ကြားခဲ့သော တေးသီချင်းများကို ရေးသားခဲ့သူ ဖြစ်သည်။

▪️ ၎င်းရေးသားခဲ့သောသီချင်းများအနက် ဝါဆိုမိုး၊ တခါက မြစန်းကြည်၊  မြစန်းကြည်လေးရေ၊ အခုတော့ ပါးစပ်ရာဇဝင်လေးဖြစ်ခဲ့ပြီ၊ ရင်တွင်း‌မေ၊ ဒုံးယိမ်းညသီချင်းများအပြင် ထင်ရှားကျော်ကြားသည့်  သီချင်းများစွာကို ရေးသားခဲ့သူ ဖြစ်ကြောင်း သိရသည်။

#YMG/NN #Yangon_Times