#Local_News
Published 6 September 2024


▪️ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌  ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး ‌ေ-သဆုံးမှုတစ်ခု ယမန်နေ့ညကဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ် ဦးစီးဌာနမှ သိရသည်။

 

▪️ စက်တင်ဘာ ၅ ရက်နေ့၊ည ၁၁နာရီ ၃၈ မိနစ်အချိန်ခန့်က  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ (၁၃)ရပ်ကွက်၊ အမှတ်(၂)လမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း သိရသည်။

 

▪️ အဆိုပါ သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ် ဦး (သေဆုံး)  အား ရှင်သန်ခွင့်အသင်း သူနာတင်ယာဉ်ဖြင့် မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့
ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times