#Local_News
Published 6 March 2025

▪️ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်စကားဝိုင်းကို မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျသံရုံး၏ ကူညီထောက်ပံ့မှုနှင့်အတူ ဒို့အိမ်အဖွဲ့အစည်းနှင့် မြို့ပြပုံဖော်သူ လူငယ်များကပူးပေါင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် “Women in Cities - မြို့ပြနေ အမျိုးသမီးများ” ခေါင်းစဉ်ပေးထားသည့် အစီအစဉ်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဖြစ်သည့် မတ်လ (၈) ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီးထို အစီအစဉ်တွင်“Women Thriving Across Diverse Industries” အမည်ရ စကားဝိုင်း ၊အမျိုးသမီးများဦးစီးသည့်လုပ်ငန်းငယ်များက ထုတ်ကုန်များကို ဝယ်ယူအားပေးနိုင်မည့်Pop-up Market ၊ဉာဏ်စမ်းမေးခွန်းများဖြေဆိုပြီး အမှတ်တရ ဆုလက်ဆောင်များ ရယူနိုင်မည့် အစီအစဉ်များပါဝင်မည်ဖြစ်ကြောင်း သိရသည်။

▪️ စကားဝိုင်းအစီအစဉ်တွင် နယ်ပယ်အသီးသီးမှအမျိုးသမီးများအနေဖြင့်၎င်းတို့၏ သက်ဆိုင်ရာ လုပ်ငန်းခွင်ကိုယ်စီ၌ ကြုံတွေ့ရလေ့ရှိသည့် စိန်ခေါ်မှုများနှင့်အတူအမျိုးသမီးများအတွက် ခွန်အားဖြစ်စေမည့် အသိအမြင်များကိုပါ မျှဝေသွားမည်ဖြစ်ကြောင်း သိရသည်။

▪️ အဆိုပါ အစီအစ‌ဉ်များကို မတ်လ ၈ ရက် မနက် (၁၀) နာရီမှ နေ့လယ် (၄) နာရီခွဲအထိYWCA ခန်းမ၊ ဘိုကလေးဈေးလမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times