#Local_News
Published 3 January 2025

▪️ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ အိမ်စီးကားတစ်စီး လမ်းလယ်ကျွန်းကိုတိုက်မိပြီး တစ်ဦး‌ေ-သဆုံးပြီး သုံးဦးဆေးရုံသို့တင်ပို့ခဲ့ရကြောင်း ပြည်သာယာလူမှုကူညီရေးအသင်းမှ သိရသည်။

▪️ ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ ရက်နေ့၊  နေ့လယ် ၂နာရီ  ၄၅မိနစ် အချိန်ခန့် က ၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၉၀/၇)အနီးတွင် ယာဉ်(၁)စီးသည် လမ်းလယ်ကျွန်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ  သတင်းရရှိသဖြင့် သီးကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ပြည်သာယာလူမှုကူညီရေးအသင်းများမှ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

▪️ "ကျွန်တော်တို့ အသင်းကို ဖုန်းဆက်အကူအညီတောင်းလာတာကြောင့်အသင်း ရဲ့  အရေးပေါ်လူနာတင်ယာဉ်နဲ့ ချက်ချင်းထွက်ပြီး  ဖြစ်စဉ်သို့ရောက်တဲ့အခါ
လူနာတွေနဲ့သေဆုံးသူတို့ကို အမြန်လမ်း ရဲတပ်ဖွဲ့၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့ ၊ အမြန်လမ်း 192 တို့နဲ့အတူ ကျနော်တို့အသင်းတို့  ပူးပေါင်းကူညီဆောင်ရွက်ပေးပါတယ်။" ဟု ပြည်သာယာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

▪️ အဆိုပါ  ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၂)ဦး စုစုပေါင်း(၄)ဦးအနက် မ(၁)ဦး(သေဆုံး)နှင့် ထိခိုက်ဒဏ်ရာရရှိသူ ကျား(၂)ဦးနှင့် မ(၁)ဦးတို့အား ပြည်သာယာလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မိတ္ထီလာမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#YMG/NN #Yangon_Times