#Local_News
နေပြည်တော်၊ ဖေဖော်ဝါရီလ- ၂၈


▪️ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ဇီး ကုန်း ကျေးရွာရှိ မဟာပဉ္စမရာမဘုန်းတော်ကြီးကျောင်းဝန်း အတွင်း သို့ PDF များက Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ဒေသခံပြည်သူ ၁ ဦး သေဆုံးပြီး ကိုရင် ၂ ပါးနှင့် ပြည်သူ ၁ ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။

▪️ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၆ ရက် ညနေ ၆ နာရီခွဲခန့်တွင် အကြမ်းဖက်သမား များမောင်းနှင်သည့် Drone ယာဉ် ၁ စီးက ရွှေဘိုမြို့နယ်၊ ဇီးကုန်း ကျေးရွာ၏ အရှေ့တောင်ဘက် အမြင့်မီတာ ၈၀၀ ခန့်အကွာမှ ပျံ သန်းလာပြီး အဆိုပါ ကျေးရွာရှိမဟာပဉ္စမရာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ Drop Bomb များဖြင့် ဖြုတ်ချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

▪️ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သူများအား ကျေးရွာရှိ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

#Yangon_Times/PP