#Local_News
Published 21 February 2025


▪️ ရန်ကုန်ဆေးရုံကြီး ကင်ဆာဌာနတွင် အဆုတ်ကင်ဆာရောဂါဖြင့် တက်ရောက်ကုသနေသည့် မြန်မာသံစဉ်တေးသီချင်းများကို သီဆိုသော ဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရည် ဖေဖော်ဝါရီ လ ၂၀ ရက် ည၁၁နာရီ ၁၅တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

▪️ အဆိုတော်ကြီး ခင်ညွန့်ရည် ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ သမီးဖြစ်သူ အဆိုတော်အိုပြည့်ရှင်က"အမေ (အညာသူကြီး) (၂၀.၂.၂၀၂၅) ည ၁၁:၅ မိနစ်မှာ သူချစ်တဲ့ အနုအညာ၊ သူချစ်တဲ့ ပရိတ်သတ်များကို ထာဝရစွန့်ခွာသွားပါပြီ"ဟု ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

▪️ ကက်ဆက်ခွေပေါင်း ၁၀၀ ကျော်ထွက်ရှိခဲ့ပြီး သောကသူဌေးမလေး၊ ဆောင်းအမီ၊ အာရှသူရဲကောင်း ဗိုလ်အောင်ဆန်း၊ ချစ်အရိပ်၊ အလွမ်းနွေကို စမ်းရေထဲမှာမျှောလိုက်မည်၊ သည်နွေမိုးဆောင်း ပြောင်းသော်လည်း၊ ပန်းနဲ့ပေါက်တာလည်း နာချင်တယ်၊ ပန်းပန်လျက်ပါ စသည့်သီချင်းများဖြင့် ကျော်ကြားခဲ့သူဂန္တဝင်အဆိုတော်ကြီး ခင်ညွန့်ရည်  ကွယ်လွန် ချိန်တွင် အသက် ၇၅နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

#YMG/SW #Yangon_Times