#Local_News
Published 19 February 2025
▪️ "အိန္ဒိယနီညို"နှင့်အားပျော့သော လာနီညာအခြေအနေများကြောင့် ဖေဖော်ဝါရီတတိယအပတ်အတွင်းမိုးရွာနိုင်ကြောင်း ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့တွင် သုံးသပ်ထားသည်။
▪️ အားပျော့သော လာနီညာအခြေအနေဆက်လက်ဖြစ်ပေါ်နေခြင်း၊ အရှေ့မြောက်မုတ်သုံလေအားကောင်းလျှက်ရှိခြင်းနှင့် "အိန္ဒိယနီညို" ဟုခေါ်သော Indian Ocean Dipole Positive to Neutral ကူပြောင်းလျှက်ရှိသည့်အခြေအနေစသည်တို့ကြောင့် ဖေဖေါ်ဝါရီလ ၂၁ ရက်နောက်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင်လည်းကောင်း၊ ဖေဖေါ်ဝါရီ ၂၄ ရက်နေ့မှ စတင်၍ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းအရှေ့ခြမ်းနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် တိမ်ဖုံးအုပ်မှုပိုမိုလာပြီး အပူချိန်ငွေ့ရည်ဖွဲ့အမှတ် နီးစပ်သည့်အခါ မိုးအနည်းငယ် ရွာနိုင်ပြီး ရွာရန် မိုးရေချိန်ရာခိုင်နှုန်း ၁၀ မီလီမီတာ မှ ၁၅ မီလီမီတာခန့်သာ အများဆုံးဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။
▪️ အဆိုပါ အားပျော့သည့် လာနီညာအခြေအနေဖြစ်ပေါ်နေခြင်းသည် မတ်လမှ မေလအတွင်း ကြားနေရာသီဥတု(Neutral)သို့ ကူးပြောင်းနိုင်မည့်အခြေအနေ ၆၆% ရှိကြောင်းကိုလည်း NOAA-Climate Prediction Center -CPC မှ ဖေဖေါ်ဝါရီ ၁၈ ရက်တွင် ကြိုတင်ခန့်မှန်းချက်အသစ်ထုတ်ပြန်ထား ခြင်းကြောင့် ရာသီဥတုပြောင်းလဲခြင်းအခြေအနေသည် ပုံမှန်သာရှိနေဦးမည်ဖြစ်ကြောင်းလည်း သိရသည်။
#YMG/NN #Yangon_Times