#Local_News
Published 18 April 2025

▪️ မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကိုယ်စား တရုတ်သံရုံးမှ ကောင်စစ်ဆိုင်ရာ လျှောက်လွှာများလက်ခံပေးမည်ဖြစ်ရာ ငလျင်ဒဏ်သင့်တရုတ်နိုင်ငံသားများ နေရပ်ပြန်ရန်အတွက်အထူးလမ်းကြောင်းဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ထားသည်။

▪️ ထိုသို့ ထုတ်ပြန်ရာတွင် “မတ်လ၂၈ ရက်နေ့ငလျင်” သက်ရောက်မှုကြောင့် မန္တလေးမြို့ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးသည် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များအတွက် လျှောက်လွှာများကို လတ်တလောတွင် လက်ခံနိုင်ခြင်းမရှိသေးသောကြောင့် မန္တလေးမြို့ကောင်စစ်ဝန်ချုပ်ရုံးမှ လျှောက်လွှာများပြန်လည်လက်ခံနိုင်ချိန်ထိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ကောင်စစ်ဆိုင်ရာ လျှောက်လွှာများကို ကိုယ်စားလက်ခံပေးမည်ဖြစ်ကြောင်း၊
ငလျင်ဒဏ်သင့်ခဲ့ရသော တရုတ်နိုင်ငံသားများ နေရပ်ပြန်ရန် ခရီးသွားလက်မှတ်များ လျှောက်ထားရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာတရုတ်နိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်/ ခရီးသွားလက်မှတ် လျှောက်လွှာများအတွက် "အထူးလမ်းကြောင်း" ကို သံရုံးက ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

▪️ လျှောက်ထားလိုသူများသည် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများနှင့်လိုအပ်သောစာရွက်စာတမ်းများကို ဖုန်းခေါ်ဆိုခြင်း သို့မဟုတ် အီးမေးလ်ပို့ခြင်းဖြင့်(ဆက်သွယ်ရန်အချက်အလက်ကိုပူးတွဲတင်ပြရန်)သံရုံးသို့ ကြိုတင်ဆက်သွယ်ပြီး အချက်အလက်များအဆင်သင့်ပြင်ဆင်ကာ သံရုံးသို့လာရောက်ဆောင်ရွက်ရန်လိုကြောင်း၊

▪️ နိုင်ငံကူးလက်မှတ်နှင့် ခရီးသွားလက်မှတ်လျှောက်လွှာအတွက် “အထူးလမ်းကြောင်း” ဝန်ဆောင်မှုအကြောင်းအရာ ဆက်သွယ်မေးမြန်းရန်ဖုန်းနံပါတ်- 0095-9894853188(ဖုန်းကိုင်ချိန်-ပုံမှန်ရုံးဖွင့်ရက်ညနေ၂:၀၀-၆:၀၀)သို့ ဆက်သွယ်နိုင်ပြီးကောင်စစ်ကာကွယ်ရေးဆိုင်ရာအတွက် ဖုန်းနံပါတ်:0095-9-43209657နှင့် Email :This email address is being protected from spambots. You need JavaScript enabled to view it. သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။

#YMG/SW #Yangon_Times