#Local_News
Published_17 Feb 2025


▪️ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ကွက်သစ်ရပ်ကွက်ရှိ အလှူရှင် ဦးစည်သူထွန်း နေအိမ်၌ ချက်ပြုတ်ရေးလုပ် ငန်းများ ဝိုင်းဝန်းလုပ် ဆောင် နေသူများအား ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၁၁ နာရီခန့်တွင် PDF အဖွဲ့များက ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

▪️ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံခြင်းမရှိကြောင်း အကြောင်း ပြကာ PDF အမည် ခံအကြမ်းဖက်အဖွဲ့များက လက်နက်ငယ်ကိုယ်စီကိုင်ဆောင်၍ ဆိုင်ကယ် ၅ စီးဖြင့် လာ ရောက် ပစ်ခတ်ခဲ့ သဖြင့် မောင်ဖိုးခွား အသက် ၁၄ နှစ်မှာ သေဆုံးခဲ့ပြီး မောင်ကျော်မိုး အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

▪️ အဆိုပါ သေဆုံးထိခိုက်ဒဏ်ရာရရှိသူများအား ပခုက္ကူမြို့ရှိ ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်၍ လိုအပ်သည့် ဆေး ကု သမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

▪️ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လူမဆန်စွာ ရက်စက်ယုတ် မာရိုင်းစိုင်း သောလုပ်ရပ်ကို လုပ်ဆောင်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများကို အမြန်ဆုံးဖော်ထုတ် ဖမ်းဆီး ရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းကျေးရွာ နှင့် ပတ်ဝန်းကျင်အား ပိတ်ဆို့ရှာဖွေစစ်ဆေး ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း နစက သတင်းထုတ်ပြန် ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

#Yangon_Times/PP