#Local_News
Published 14 February 2025
▪️ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်နှင့် ပတ်သက်၍ သတ်မှတ်ကာလအတွင်း လုပ်ငန်းလိုင်စင်များကို လျှောက်ထားရန်နှင့် လျှောက်ထားခြင်း မရှိ(မရှိ)သောသူများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ နှင့်အညီ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထပ်မံအသိပေး ကြေညာထားသည်။
▪️ "လိုင်စင်က လျှောက်တော့ လျှောက်နေကြပါတယ်။ လုပ်ဆောင်ရမယ့် စာရွက်စာတမ်းများတော့ တချို့ကြန့်ကြာနေတာလေးတွေတော့ရှိပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
▪️ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်ကို ၁၈-၁၁-၂၀၂၄ ရက်နေ့မှ ၁၇-၂-၂၀၂၅ ရက်နေ့အထိ (၃)လအတွင်း နောက်ဆုံး လျှောက်ထားရမည့်ရက်သည် ပြည့်မြောက်တော့မည်ဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းလိုင်စင်များကို လျှောက်ထားရန်နှင့် လျှောက်ထားခြင်း မရှိ(မရှိ)သောသူများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။
▪️ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့်ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသူများအား လုပ်ငန်းလိုင်စင် လျှောက်ထားမှုကို ၁၈-၁၁-၂၀၂၄ ရက်နေ့မှ စတင်လျှောက်ထားရန် ၇-၁၁-၂ဝ၂၄ ရက်နေ့ထုတ် သတင်းစာများတွင် ကြေညာထားရှိပြီး ဖြစ်သောကြောင့် အဆိုပါလျှောက်ထားမှုများကို ၁၇-၂-၂၀၂၅ ရက်နေ့ထိ (၃)လအတွင်း နောက်ဆုံးထား လျှောက်ထားရန်နှင့် လျှောက်ထားခြင်း မရှိ(မရှိ)သောသူများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ၁၁-၁၂-၂၀၂၄ ရက်နေ့ထုတ် သတင်းစာများတွင် အသိပေးကြေညာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
#YMG/SW #Yangon_Times