#Local_News
Published 13 February 2025
▪️ အိန္ဒိယနိုင်ငံ၊ တယ်လန်ဂါနားပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (Federation of Telegana Chambers of Commerce & Industry – FTCCI, India) မှ ကြီးမှူး၍ “FTCCI Experiential Tourism MICE Fair 2025” ကို မေလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပမည်ရာ မြန်မာလုပ်ငန်းရှင်များကို တက်ရောက်ရန် ဖိတ်ကြားထားကြောင်း မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။
▪️ FTCCI Experiential Tourism MICE Fair 2025 ပြပွဲတွင်မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့်သဘာဝအလှတရားတိုကို အကောင်းဆုံးဖော်ထုတ်ပြသနိုင်ပြီး မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအခွင့်အလမ်းများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ပြခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာချိတ်ဆက်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် အထူးအခွင့်အလမ်းများရရှိစေမည်ဖြစ်ကြောင်း သိရသည်။
▪️ အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း- ၀၆၇-၄၀၈၆၂၂၊ E-mail: event.td.myantrade @gmail.com သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
#YMG/SW #Yangon_Times