#Local_News
Published -11 Jan 2025
▪️ အကြမ်းဖက်သမားများဖျက်ဆီးမှု၊ အချို့စက်ရုံများ စွမ်းအားပြည့် မလည်ပတ်နိုင်မှု၊ ဓာတ်ငွေ့လိုအပ်ချက် မပြည့်မီမှုများကြောင့် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးမှုတွင် အခက်အခဲရှိနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
▪️ ဇန်နဝါရီလ ၁၀ ရက်တွင် မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ဆွေးနွေးစဉ် ယင်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
▪️ နစကအနေဖြင့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲမှုကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိတ္ထီလာသည် မိုးရွာရက်နည်းသည့်ဒေသဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ဆောင်ရွက်သည့် စီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်း လိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင်ကြောင်း ယင်းကဆိုသည်။
▪️ နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ်စီမံကိန်းများကိုလည်း ကန့်ကွက်မှုများလည်းရှိကြောင်း၊ ထို့ကြောင့် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်၍ရသည့်ဆိုလာစနစ်ကို အားပေးဆောင်ရွက်နေခြင်းဖြစ်ပြီးလုပ်ငန်းရှင်များအနေဖြင့်လည်း တစ်နိုင်တစ်ပိုင်ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း ၎င်းကပြောကြားခဲ့သည်။
#Yangon -Times/ PP