#Local_News
Published_1 March 2025
▪️ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအမြန်တည်ဆောက်နိုင်ရေးမြန်မာ-တရုတ်အကြား Development Plan ကို ခေတ်စနစ်နှင့်အညီရေးဆွဲသင့်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ရင်းနှီး မြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြောသည်။
▪️ ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်က နေပြည်တော် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ- ၁ ၌ ကျင်းပသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အောင်မြင်စွာ အကောင် အထည်ဖော်ဆောင်ရွက် နိုင်ရေး မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်း ရမည့် အချက်များ (Conditions Precedent)နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအတွင်း ယင်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
▪️ ယင်းအပြင်မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံ ကိန်းသည် မြန်မာနိုင်ငံအတွက် အရေးကြီးသကဲ့သို့ တရုတ်နိုင်ငံအတွက်လည်း မဟာဗျူဟာကျကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
▪️ ယင်းမြန်မာ-တရုတ်စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက် ခြင်း ကြောင့်နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုမြှင့်တင်စေနိုင်မည်ဖြစ်ကြောင်းနှင့် သတ် မှတ်ကာလအတွင်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင် ရွက်နိုင်စေရေး ဆောင်ရွက်ရမည့်လုပ် ငန်း များကို Timeline ချမှတ်လုပ်ဆောင်နေကြောင်းလည်း ၎င်းကပြောကြားခဲ့ကြောင်း သိရသည်။
#Yangon_Times/PP