#Local_News
Published 27 February 2025
▪️ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ အထိမ်းအမှတ်အဖြစ် Miss Yangon 2025 ပြိုင်ပွဲကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ MCC ခန်းမတွင် လာမည့် မတ်လ(၇)ရက်နေ့ မနက် (၉)နာရီအချိန်တွင် ကျင်းပမည်ဖြစ် ကြောင်းသိရသည်။
▪️ အဆိုပါပြိုင်ပွဲကြီးကို ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှကြီးမှူးပြီးကျင်းပသွားမည်ဖြစ်သည်။
▪️ ထိုပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်လိုသူများ အနေဖြင့် အိမ်ထောင်မကျဖူးသူအပျိုဖြစ်ရမည်ဖြစ်ပြီး အရပ်အမြင့် အနိမ့်ဆုံး (၅ ပေ ၄ လက်မ) ရှိရမည် ဖြစ်ကြောင်း သိရသည်။
▪️ ထို့အပြင် ကိုယ်အလေးချိန်ပေါင် (၁၂၀) နှင့် (၁၆၀) ကြားဖြစ်ရမည်ဖြစ်ပြီး အသက် (၁၈) နှစ်မှ (၂၈) နှစ်အတွင်းနှင့် (၅) ပညာအရည်အချင်း အထက်တန်း အောင်မြင်၍ ကူးစက်ရောဂါမရှိသူ ပြစ်မှုမှတ်တမ်းကင်းစင်သူ ဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times